Friday, October 17, 2008

တမ်းတပြီ ညီမကို

စိတ်ကူးပင်လယ်ထဲမှာ အေးမြတဲ့လရောင်လေးနဲ့ 
ကြည်လင်တဲ့ အပြာရောင်ကောင်ကင်
ကိုယ်ထဲကို စိမ့်ဝင်နေတဲ့
လေပြည် နုနု လေးတွေ
ထိတွေ့ တဲ့ အရာတွေက
ညီမကို သတိရ`
တမ်းတ နေတဲ့ အရာတွေပါ ညီမရယ်

တစ်ယောက်တည်းပါ ညီမရယ်
မျက်စိထဲမှာ မြင်နေတာ
ညီမရဲ့  ပုံရိပ့် တွေပါ
လက်လက် လက်လက် တောက်ပနေတာပါ

ဘယ်သွားသွား ဘာလုပ်လုပ်
စိတ်ရူပ်နေတာ မျက်စိရှေ့ မှာ
ပျော်နေကြတဲ့  ချစ်သူမောင်နှံ
တစ်ဝဲ၀ဲ ပျံနေကြတာ
ကိုယ်လည်း အားကျပြီး
ပျံချင်နေတာ အတောင်တစ်ဖက်
မရှိတဲ့  ကျေးငှက်ငယ်လေး
ဘ၀ပါ ........ညီမရယ်

Monday, September 29, 2008

သတိရချင်း သူငယ်ချင်းများကို

ကံကြမာက ဆုံစည်းခွင့် ပေးတယ်
ဝေးကွာတဲ့ ..ဖြူစင်တဲ့  ငါ တို ရဲ့ 
စိတ်တွေ ခနာကိုယ်တွေကို..
ဘ၀ ရေစက်ကြောင့် တွေ့ တွေ့ ချင်း
ချစ်ခင် အပြစ် မမြင် ပဲ
သူငယ်ချင်း အဖြစ် လက်တွဲခဲ့ 

အတူစား အတူပျော်
ဘ၀အမော တွေကို
စနောက် ပျော်ပါး ရယ်သံများ
ခုထိ နှားထဲ (တစ်ဟဲဟဲ) ကြားရောင်နေဆဲပါ..

မိုးဖွဲကြား ပြေးလွား
အသည်းကလေးများ ဖျားခဲ့ ပေမယ့် 
အကြင်နာထား ဂရုဏာ
ကုစားပေးတဲ့  အားပေးမူတွေဟာ
ဒီတစ်သက် မမေ့နိုင်စရာတွေပါ..

သိပ်ချစ်သည် ညီမကို

ညက အိပ်မက်ထဲမှာ
အလည်လာတယ် ဆံပင်ရှည်လေးနဲ
ဆံနွယ်တွေတစ်ဖွဲ့ ဖွဲ့ 
နှင်းများကြားလေမှာ ၀ဲလို့ 
ရွှေရောင်လိက်ပြာ ၀ိုင်းရံကာ
နတ်သမီးလေးလို တောက်ပလို့ 

မေ့လောက်တဲ့  အပြုံးတစ်ပွင့်
ရင်ခုန်သံတွေ တုန်ခါစေမဲ့
အကြည့်  အသည်းထိအောင်ထိ
အရိုးထဲစီးဝင်
သွေကြောထဲ လည့် ပတ်လို့ 
ကာရံ လို မရတော့ဘူး

သင်းပျံတဲ မွေးရနံ
အိပ်မက်တောင်ရပ်တန့် 

အိပ်မက်နိုး တွေ့ ချင်စိတ်
တစ်သိပ့် သိပ့် ပဲ .......ညီမရယ်..........

နေမကောင်းတဲ တစ်ည

ငါ ရင်တွေ ကြိမ်နူန်းမြန်နေ
100 စင် တီဒီဂရီ....ကျော်နေ
ဦးနှောက်ကတွေဝေ
ကဝေတွေဝင်နေ

ဆူညံသံတွေ တစ်စက်စက်
တစ်ပြက်ပြက် တောက်တဲ
မီးမွေ့ တွေ တစ်လက်လက်

တစ်ကောင်ကျော် တစ်ရောင် ရောင်အော်
ချောက်ချား ဘ၀ခြားသလို
လည့် စားတဲ့ အကြည့် များ

မွေးပျံ့  ရနံ
သွေးထဲ လည့် ပတ်
ပုံ မှန် ရူရိုက်သံ
မျက်စိ ပွင့် ကာ
အလင်ဖြာ ငါ ဖျားနေတာ........................

Sunday, September 21, 2008

စိတ်မဆိုးတဲ့ ---အတွေးလေး


အော်.............
အဖော် အပျာ်တွေနဲ့ 
ခုံမင်းနေတယ်ပေါ့ ....

လောကကြီးထဲ တစ်ယောက်တည်းဝင်တိုးခဲ့ 
လက်ဗလာနဲ့  ထွက်သွားရမှာပဲ့ နော်..
ဒုတ်ခ . သုခ
ဘယ်လမ်းမှာ သွားကြမလဲ
မတွေးရဲ အပါယ်ငရဲ က
မီးတ...ရဲ ရဲ ...
(မြူဆွယ် တတ်တဲ့  မီးထွန်း ပွဲ လို ပဲ့ )..

ကုသိုလ် ဘာဝနာ ..ဆိုတာ
ဘာ?

ဟ.......
အပါယ် လေးဘုံကတော့ 
ကြိုဆိုနေမှာ .......သေချာ........................
magicman

ညီမကို လွမ်းချင်း တမ်းချင်း ချစ်ချင်း

ကဗျာလေး တစ်ပုဒ်စပ်ဖို့ 
ဦးနှောက်ကို အလုပ်ပေးလိုက်တယ်
ချက်ချင်း လျှပ်စီးလက် သလို့ ပဲ့ 
မင်းအကြောင်းတွေ အတွေးကွင်းဆက်
ဝင်ရောက်က မွေနောက်လျှက်ပေါ့ ..

စတွေ့ တဲ့  အကြည့် တွေက
ဆူညံသွားစေတယ်
နူးညံတဲ့  ရင်ခုန်သံ နုနုလေးတွေကို

သိပ်လှတဲ့  အပြုံးနဲ့ 
ချစ်စရာ နုတ်ခမ်းလေးက
အိပ်မက်အထိ ၀င်လာတာ

တားဆီးလိုမရတဲ့  တမ်းတမူတွေက
နေ၀င်ပြီး နေထွက်ပဲ့  ညီမရယ်..
ခုချန်ထိပေါ့ ..

နွမ်းနေတဲ့  လွမ်းမူတွေက
အမြဲစီးဆင်းနေတဲ့  အဖြူရောင်
ရေတံခွန်လေးပါ ...................ညီမရာ

Saturday, September 6, 2008

ညီမ...အတွက် ..တမ်းတခြင်း

ဝေးတဲ့  အချိန်မှာ သေချာတာက
ဆက်ချစ်နေသူပါ

သွေးအေးတဲ့  အတွေးတွေနဲ့ မဟုတ်
အမြဲ ဆွေးတဲ့  စိတ်ကူးတွေ နဲ့ 
ရူးနေသူဟာ ကိုယ်ပါ…

မမြင်နိင်တဲ့ အမှောင်မှာ
မင်းအချစ်များ နေပြီလား..

အမြဲ ဖျားတဲ့  ကိုယ်နှလုံးသားက
ညီမရဲ့ အတွေးက အားဆေးပါ

မကောင်းကြောင်း

ပေါက်ကွဲမူတွေ တစ်ရစပ်
နှလုံးရပ်မဲ့ အသိဥာဏ်
အတွေးနက်ထဲ အိုချင်လာ(ငိုချင်)

မူယာပြီး မာယာ
ဘ၀လည့် ကွက် စိတ်ပျက်

မလုပ်သေ လုပ်လဲသေ
အတွေးတွေ မွေနေ
အဆိုးကောင်း ဘယ်ကောင်
မသိ ပိုကောင်း

မုန်တိုင်းပြီး လေပြေ
အပိုတွေ စိတ်က
မုန်တိုင်းမှာ ကြွေနေ

လေပြေမှာ ပြာတွေဝေတဲ့ 
သူတို့ စိတ်တွေ..
magic man (own creator)

Sunday, August 31, 2008

သူဘ၀လေး

ဘ၀အကြောင်း တွေးလေနက်လေ
နွံနစ်ကြီးပဲ့ ...
စိတ်ချမ်းသာအောင် ပျော်စရာတွေဆောင်
ရက်စက်တဲ့ အဖြစ်ပျက် ၀င်ရောက်လို့ တိုက်ဖျက်
အရူးဖြစ်တဲ့နေ့ တွေ
စိတ်ပျက်ပြီး အိပ့် နေ..
ရေစုန်မျောတဲ့  ဘဝ
ဘယ်သူကယ်ချင်မှာလဲ အတွေးနက်ထဲ
တစ်ဝဲလည်လည် နေ၀င်ချိန်တိုင်း
စိတ်ညစ်နေသူ အပူတွေနဲ့ 
အကူတွေမရှိ တစ်ရက်အလွန်
ခေါ်သံက တစ်အူအူ ဂူဂူ
မျက်ရည် တစ်စက်စက်
ကြေမွကွဲအက် နှလုံးနဲ့ 
အသက်ရှင်ခြင်း တစ်ကယ်ဝေး
အသက်ကယ်ဆေး
လက်ခါ လို့ ပြေးတဲ့ 
ဘ၀လေး တွေ လေ
magic-man

Tuesday, August 26, 2008

ရူးနေသူ

ကောင်မလေးရယ် မင်းနဲ့ ဆုံတိုင်းပေါ့ 
ငါရင်တွေမီးလောင်ပြာကျခဲ့ တယ်
ဒါပေမဲ့  မျက်လုံးချင်း ဆုံ
မင်းအကြည့် တွေ က
အေးစက်ရာမှာ အသက်ရုတောင်
မ၀ဖြစ်ခဲ့ ရတယ် လေ

အိပ့် မရတဲ့ ညတွေက
ငရဲ ကိုမျက်စောင်းထိုးနေပြီလား(မပြောတတ်)

နေ့ နေ့ ညည သိတရတမ်းတပါတယ်
တမ်းတပြီး လွမ်းနေရသူပါကလေးရာ
magic-man

Monday, August 25, 2008

ညီမ သို့ တမ်းချင်း

ညက ညီမကို အရမ်းတမ်းတမိတယ်
ညီမရဲ့  မျက်ဝန်းလေးကြားမှာ
ကိုယ် ၀င်အိမ်ခဲ့ တယ်
အလွမ်းပြယ်တဲံ့ အထိပေါ့
တွေ့ ချင်တဲ့စိတ်က
ညီမကိုပဲ့ ထွေးဖက်ထားချင်နေတယ်

ညီမရဲ photo ကိုကြည့်ပြီး
ချစ်တဲ့အနမ်းတွေ ပေးတာ
နှာခေါင်းတောင် သွေးလျှံ ကုန်တယ်
ညီမရယ်

ညီမကို -မနေ့ ကထက်ပို သတိရတယ်
မနက်ကထက် ပိုချစ်တယ်
အသက်ထက် ချစ်နေသူပါ
ချစ်ပြီးရင်း ချစ်နေသူပါ ကွာ

စိတ်ဆိုးခြင်း ရဲ့ အတွေး



အစကတော့  စိတ်ကူးရင်ဘ၀မှာ
ချိုခဲ့ တယ် တစ်ဖြည်းဖြည်းနဲ့ 
လက်တွေ့ ဘ၀ အခါးတွေနဲ့ ပေါ့ 
ကောင်းပါတယ် ကံကြမာရယ်
ကိုယ့် လုပ်ရပ်က ကိုယ့် ဘ၀ရပ်တည်မူပဲ့ လေ
သေချာတာကတော့  မရေရာမူတွေများနေတယ် မေရယ်

ဘယ်ကိုလျှောက်လျှောက် အဖြာင့် မရှိတဲဘ၀မှာ
ဘယ်သွားသွားအကောက်တွေများတဲ့  ဘ၀က
လွန်လွန်းတယ်ကွာ (နည်းနည်းတော့ စာနာသင့် တယ်)

နှလုံးနဲ့ မဆပ်တဲ့  ဖိစီးမူတွေ
အပြင်ကိုဖောက်ထွက်လာ မရူးတာကျေးဇူးတောင်တင်ရမှာ
ဘာလို အရှင်သတ်နေရတာလဲ
ငါကတန်ခိုးရှင်လဲ မဟုတ်
စွမ်းအားရှိလို့  ကတော့ 
မင်းကိုဘာ လက်စဖျောက်လိုက်မှာ ကွာ
(magic-man)own creator

အထီးကျန် လိုက်တာကွာ


စိတ်ဓါတ်လဲကျ တယ် အရာရာကို
ခဏလောက်သေကြည့် ချင် တယ်
ဖြစ်နိင်ရင်အားလုံးကိုမေ့ ပစ်လိုက်ချင်တယ်
တစ်ကယ်ရုးချင်နေတာပါ
သွားပြီးကွာ အကုန်သဲ ထဲရေရော တာငါ ဘ၀ပါ
ပြန်ထ နေတာလဲများပြီ
ခြေတောက်တွေ လဲအရမ်းနှာနေပြီ မေရေ
နှလုံးသားလဲ ကွဲ အက်နေပြီ
ဘယ်အချိန် အမွေ့ ပျံမလဲမသိ
မထင် မှတ်ပဲ ပျောက်ဆုံး သွားရင်
တောင်ပန်းပါ တယ်...
အမှားတွေ အရမ်းများနေပြီ
ခဏလောက်ပြန်ဆေးပါ ရစေ
စိတ်ညစ်မူတွေ က ဒီရေလို ပဲ
တက်လိုက်ကျလိုက်နဲ့ 
အရမ်းငို ချင်နေတယ်နော်...
ဘိုင်ဘိုင်
ပြန်လာပါမယ်.
ခြေတောက်မကျိုး တဲ့ အထိပေါ့ 
ဆက်လျှောက်ရမှာပဲ့ 
ဘာလို့ လဲဆိုတော့ ဘ၀ ဆို တာ
ဒါ ပဲ့ လေ
မဟုတ်လား သူငယ်ချင်း

သူငယ်ချင်းရဲ့ ကဗျာလေး

အလွမ်းသင် ရိုးသစ်
.........................................................................................................................
တိမ်တိုက်ကိုမှ
သွားချစ်မိတဲ့ ငါ ပါ
အခုတော့ လည်း
မတည် မြဲ ခြင်းတွေ က
လေနှင် ရာ အတိုင်း
ရွက်လွှင့်  ခဲ့ တယ်
မင်းလှည့် မကြည့် ခဲ့ တဲ့ 
ဒီရင် ဘတ်ထဲမှာတော့
အလွမ်းတွေ က
မျက်ရည် တွေ အထပ်ထပ် နဲ့ 
ညစ်နွမ်း ပေကျံ နေ တုန်းပဲ
သုတေ သီ တွေ ရှာဖွေ လှည့် ပါ
အမုန်းတွေနဲ့  ထုဆစ်ထားတဲ့ 
အလွမ်း(အက်ခရာ )တွေ ရဲ့ 
မာတိကာ မပါ တဲ့ 
သင် ရိုးသစ်တစ်ခု က
ပြောင်းလဲခြင်း (သက်ကရာဇ)် တွေကြားမှာ
ဒီနေ့ အထိ ရှိနေဆဲ ပဲ

Wednesday, August 13, 2008

ညီမ

ညီမအတွက် တမ်းတချင်း

ညီမရေ
သတိရခြင်းတွေက စကြာဝဠာမက
လွမ်းချင်းတွေက စာမဖွဲ့ ပြနိုင်လောက်အောင်
တမ်းတမူတွေက အသည်းလည်းပြာကြနေပြီ
ညီမ ကိုချစ်တဲ့ အချစ်က
ဘ၀ အဆင့် ဆင့် ကထင်ပါတယ်

ဘယ်ဘ၀ရောက်ရောက် ထက်ဆင့်  ချစ်ပါရစေနော်

တမလွန်

တကယ်ခေါ်တဲ တမလွန်ဆိုတာ
တစ်နေ့ သွားရမဲ့  အို အေစစ်လေးပါ
အချစ် အမုန်း အဆွေး တစ်ကယ်အေးသတဲ့ 

ဟိုဖက်အလွန်မှာ ဘာတွေရှိမှာလဲ?
သေခြင်းနောက်ကွယ်ချောက်ချားဖွယ်ရာတွေလား
ပျော်စရာတွေ စုံ သုခဘုံ တွေလား?

အေးလေ တစ်ကယ်တွေးတော့ 
နှလုံးမအေး နိုင် ဘူးပေါ့ 

လူဘုံမှာ ဘယ်လိုပျော်ပျော်
ရက်တွေအလွန်မှာ သူလာခေါ်မှာပဲ လေ.....!
( magicman) own create

Monday, August 11, 2008

ကဗျာ လေးပါ

love distills desire upon
the eyes,
love brings
bewitching grace
into
the heart
Euripedes

အချစ်ဟာ မျက်ဝန်းတွေပေါ်မှာ စီးကျတယ်
အရူးအမှုး စွဲမက်စေလောက်တဲ့
ဂုဏ် ကျက်သရေကို
နှလုံးသားထဲ
ယူဆောင်လာတယ်
ယူရီပီးဒီးစ်
two souls with but
a single thought,
two hearts that beat
as one
john keats
ဝိညဉ် နှစ်ခုပေမယ့် အတွေးက
တစ်ခုတည်း နှစ်လုံးသားနှစ်ခုဟာ
နှစ်လုံးသား တစ်ခုတည်းလိုပဲ
ရင်ခုန်တယ်
ဂျွန်ကိစ်

အိုင် လပ်ယူ ချစ်သူ

သို့.....ချစ်သူ.....ထာဝရပျော်ရွှင်ပါစေ။ ။

ချစ်သူ.....

ရင်ထဲမှာ အခုချိန်ထိ

ဘယ်သူ့ကိုမှ အစားထိုးလို့ မရအောင်

ချစ်ရတဲ့ ချစ်သူ.....

မုန်းခဲ့ပြီလို့ ထင်ခဲ့ပေမဲ့

တကယ်တမ်း မုန်းလို့မရအောင်

ချစ်ရတဲ့ချစ်သူ.....

နာခဲ့ပြီလို့ ထင်ခဲ့ပေမဲ့ စိတ်နာလို့ မရအောင်

ချစ်ရတဲ့ချစ်သူ.....

စိတ်ထဲမှာ နောက်တစ်ယောက်ကို

ချစ်နိုင်ပြီလို့ ထင်ခဲ့ပေမယ့်

တကယ်တမ်း မမေ့နိုင်သေးပဲ

ယနေ့အချိန်ထိ ချစ်နေရတဲ့ ချစ်သူ.....

အဲဒီလောက်ထိ ချစ်နေရတဲ့

ချစ်သူလေးကတော့ သူ့ရဲ့ လက်တွဲဖော်လေးနဲ့

မင်္ဂလာဆောင်ဖို့ ပျော်ပျော်ရွှင်ရွှင်

ပြင်ဆင်လို့ နေလေရဲ့.....

ရင်ထဲမှာ မချိပေမဲ့

ချစ်သူပျော်ရွှင်နေရင် ကျွန်တော်လည်း

ပျော်ရွှင်ပါတယ် ချစ်သူရယ်.....

ချစ်သူ ချစ်ရတဲ့ လက်တွဲဖော် ကောင်မလေး

လက်ကိုတွဲပြီး မင်္ဂလာပွဲကို

ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ကာ

ထာဝရ ပျော်ပျော်ရွှင်ရွှင်နဲ့

အိုအောင်မင်းအောင် ပေါင်းကြရပါစေလို့

ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ချစ်သူရယ်.....

..................................................................................................................

Sunday, July 27, 2008

ချစ်သူ


မကြားချင်ဘူး…


မင်း အကြောင်း ငါ မကြားချင်တော့ပါ။

မင်းနဲ့ တွေ့ သေးလားလို့ လာမေးတဲ့ လူတွေကို ငါပြန်မဖြေချင်တော့ပါ။

မင်းနေကောင်းရဲ့လားလို့ လာမေးတဲ့ လူတွေကို ငါသြော်ပစ်လိုက်ချင်တယ်။

မင်းအကြောင်းကြီးပဲ ဘာဖြစ်လို့ ငါ့ကို ပဲ လာမေးနေရသေးတာလဲ။

မင်းနဲ့ ပတ်သက်ရင် ငါ ဘာကို မှ နားမထောင်ချင်တော့ပါ။

ရှင်းရှင်း ပြောရရင် မင်းအကြောင်းကြီး နဲ့ ပဲ ငါကို့ ခလုတ်တိုက်နေကြပြီ။

ငါမင်း နဲ့  မပတ်သက်ချင်တော့ပါ။

ငါ ဘာဖြစ် လို့ မင်းနဲ့ တွေ့ မှ ပြသာနာတွေက များနေရမှန်းကို မသိပါ။

ဒါပေမဲ့ ငါ အပြင်မှာ တွဲသွားတွဲလာ တာ မင်းရယ် မင်းသူငယ်ချင်းရယ်ပဲ ရှိခဲ့တာပါ။

ဘာပဲ ဖြစ်ဖြစ် မင်း အကြောင်းကို ငါမကြားချင်တော့ပါ။


ကြိုက်တာလေး..........


သံယောဇဉ်လေးတော့ ဖြတ်ခွင့်ပြုပါ….


အကြောင်းပြချက်အမျိုးမျိုးပြပြီး ငါ့ကို ရှောင်နေစရာမလိုပါဘူး။ ဘွင်းဘွင်းပြောလိုက်ပေါ့ ငါမင်းနဲ့ မပတ်သက်ချင်တော့ဘူးလို့။ ဒီလိုမျိုးကျပြန်တော့လည်း မင်းဘက်ကလွန်တယ်လို့အပြောခံရမှာ သိပ်ကြောက်တယ်ပေါ့။ ယောကျာ်းပဲလုပ်ရဲရင် ခံရဲရမှာပေါ့။ ငါကတော့ခု မင်းလို လူစားမျိုးကို တွေ့ ချင်စိတ်လုံးဝမရှိတော့တဲ့အပြင် ရွံတယ်။ အရမ်းရွံတယ်။ မင်းရဲ့ အယောင်ဆောင် မျက်နှာဖုံးကြီးကို ငါ အရမ်းရွံတယ်။ ဘာပဲဖြစ်ဖြစ် မင်းလည်းငါ့ကို မဆက်သွယ်ပါနဲ့တော့။ ငါလည်း မင်းကို ဆက်သွယ်မှာမဟုတ်ဘူး။ ငါ့ အတွက်ကတော့ သိပ်ပြီး အပန်းမကြီးပါဘူး ဘာလို့ လည်းဆိုတော့ ငါ လည်း online သိပ်ဝင်ဖြစ်တော့တာ မဟုတ်ဘူး. ၀င်ဖြစ်လည်း ခဏပဲ။ ဒါကြောင့် မင်းလို ဒေါင်းယောင်ဆောင်သော ကျီးကို ငါ လက်ခံမိခဲ့တဲ့ အတွက် မဟာအမှားကြီးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့ ရှိစဉ်တုံးက ထားရှိခဲ့တဲ့ ငါ့ရဲ့ သံယောဇဉ်လေးကို တော့ ဖြတ်ခွင့်ပြုပါ။ ခဏတာ ပျော်ရွှင်မှုကို ရယူချင်တဲ့ မင့်း လို လူမျိုး ဒုက္ခမရောက်ပါစေနဲ့ ။ မင်းက ငါ့ကို နုံအအ မိန်းမလို့ ထင်ရင် မှားသွားမှာပေါ့ ။ သေချာ သိထားဖို့ က မင်းအရင် က လိုက်ခဲ့ တဲ့ ခပ်ညံ ညံ မိန်းမတွေ ထဲမှာ ငါ မပါဘူး။ မင်းရဲ့ အချစ်ဆုံး လူ ဟာ ငါ ပါလို့ ပြောပေမဲ့ မင်း ရဲ့ ဂုဏ်ပကာန က တော့ ငါ့ထက်သာတယ်မလား။ မင်းရဲ့ ရည်းစားဦး တုံးကလည်း ဒီလိုပုံစံနဲ့ ဖြတ် ခဲ့တယ်မလား။ ငါ့ကို တော့ ဒီပုံစံ လာမချိုးနဲ့ ။ ငါ ကတန်ပြန် တုံ့ ပြန်တတ်တဲ့ လူစားမျိုး။ ငါ့ စေတနာနဲ့ မေတ္တာ ကို စော်ကားလို့ ကတော့ ပျော်ပျော်ရွှင်ရွှင်နေရဖို့ မစဉ်းစားထားနဲ့။ ငါ့ စိတ်ဓာတ်တွေ ဒီလို ဖြစ်သွားရတာကလည်း မင်းတို့  ဆီကနေ ရတာပဲလေ။ မင်းတို့ ပဲ ဒီလို မျိုးဖြစ်အောင် သင် ပေးလိုက်တာကို။ မင်းမြဲ မြဲ မှတ်ထားဖို့ က ငါ က လူတစ်ယောက်ကို အပျော်မတွဲ တတ်ဘူး။

Labels: စိတ်ကုန်တယ်ဗျာ..


..........