သို့.....ချစ်သူ.....ထာဝရပျော်ရွှင်ပါစေ။ ။
ချစ်သူ.....
ရင်ထဲမှာ အခုချိန်ထိ
ဘယ်သူ့ကိုမှ အစားထိုးလို့ မရအောင်
ချစ်ရတဲ့ ချစ်သူ.....
မုန်းခဲ့ပြီလို့ ထင်ခဲ့ပေမဲ့
တကယ်တမ်း မုန်းလို့မရအောင်
ချစ်ရတဲ့ချစ်သူ.....
နာခဲ့ပြီလို့ ထင်ခဲ့ပေမဲ့ စိတ်နာလို့ မရအောင်
ချစ်ရတဲ့ချစ်သူ.....
စိတ်ထဲမှာ နောက်တစ်ယောက်ကို
ချစ်နိုင်ပြီလို့ ထင်ခဲ့ပေမယ့်
တကယ်တမ်း မမေ့နိုင်သေးပဲ
ယနေ့အချိန်ထိ ချစ်နေရတဲ့ ချစ်သူ.....
အဲဒီလောက်ထိ ချစ်နေရတဲ့
ချစ်သူလေးကတော့ သူ့ရဲ့ လက်တွဲဖော်လေးနဲ့
မင်္ဂလာဆောင်ဖို့ ပျော်ပျော်ရွှင်ရွှင်
ပြင်ဆင်လို့ နေလေရဲ့.....
ရင်ထဲမှာ မချိပေမဲ့
ချစ်သူပျော်ရွှင်နေရင် ကျွန်တော်လည်း
ပျော်ရွှင်ပါတယ် ချစ်သူရယ်.....
ချစ်သူ ချစ်ရတဲ့ လက်တွဲဖော် ကောင်မလေး
လက်ကိုတွဲပြီး မင်္ဂလာပွဲကို
ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်ကာ
ထာဝရ ပျော်ပျော်ရွှင်ရွှင်နဲ့
အိုအောင်မင်းအောင် ပေါင်းကြရပါစေလို့
ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ချစ်သူရယ်.....
..................................................................................................................
လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်
9 years ago
No comments:
Post a Comment