Friday, October 17, 2008

တမ်းတပြီ ညီမကို

စိတ်ကူးပင်လယ်ထဲမှာ အေးမြတဲ့လရောင်လေးနဲ့ 
ကြည်လင်တဲ့ အပြာရောင်ကောင်ကင်
ကိုယ်ထဲကို စိမ့်ဝင်နေတဲ့
လေပြည် နုနု လေးတွေ
ထိတွေ့ တဲ့ အရာတွေက
ညီမကို သတိရ`
တမ်းတ နေတဲ့ အရာတွေပါ ညီမရယ်

တစ်ယောက်တည်းပါ ညီမရယ်
မျက်စိထဲမှာ မြင်နေတာ
ညီမရဲ့  ပုံရိပ့် တွေပါ
လက်လက် လက်လက် တောက်ပနေတာပါ

ဘယ်သွားသွား ဘာလုပ်လုပ်
စိတ်ရူပ်နေတာ မျက်စိရှေ့ မှာ
ပျော်နေကြတဲ့  ချစ်သူမောင်နှံ
တစ်ဝဲ၀ဲ ပျံနေကြတာ
ကိုယ်လည်း အားကျပြီး
ပျံချင်နေတာ အတောင်တစ်ဖက်
မရှိတဲ့  ကျေးငှက်ငယ်လေး
ဘ၀ပါ ........ညီမရယ်

No comments:

..........