
သံယောဇဉ်လေးတော့ ဖြတ်ခွင့်ပြုပါ….
အကြောင်းပြချက်အမျိုးမျိုးပြပြီး ငါ့ကို ရှောင်နေစရာမလိုပါဘူး။ ဘွင်းဘွင်းပြောလိုက်ပေါ့ ငါမင်းနဲ့ မပတ်သက်ချင်တော့ဘူးလို့။ ဒီလိုမျိုးကျပြန်တော့လည်း မင်းဘက်ကလွန်တယ်လို့အပြောခံရမှာ သိပ်ကြောက်တယ်ပေါ့။ ယောကျာ်းပဲလုပ်ရဲရင် ခံရဲရမှာပေါ့။ ငါကတော့ခု မင်းလို လူစားမျိုးကို တွေ့ ချင်စိတ်လုံးဝမရှိတော့တဲ့အပြင် ရွံတယ်။ အရမ်းရွံတယ်။ မင်းရဲ့ အယောင်ဆောင် မျက်နှာဖုံးကြီးကို ငါ အရမ်းရွံတယ်။ ဘာပဲဖြစ်ဖြစ် မင်းလည်းငါ့ကို မဆက်သွယ်ပါနဲ့တော့။ ငါလည်း မင်းကို ဆက်သွယ်မှာမဟုတ်ဘူး။ ငါ့ အတွက်ကတော့ သိပ်ပြီး အပန်းမကြီးပါဘူး ဘာလို့ လည်းဆိုတော့ ငါ လည်း online သိပ်ဝင်ဖြစ်တော့တာ မဟုတ်ဘူး. ၀င်ဖြစ်လည်း ခဏပဲ။ ဒါကြောင့် မင်းလို ဒေါင်းယောင်ဆောင်သော ကျီးကို ငါ လက်ခံမိခဲ့တဲ့ အတွက် မဟာအမှားကြီးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့ ရှိစဉ်တုံးက ထားရှိခဲ့တဲ့ ငါ့ရဲ့ သံယောဇဉ်လေးကို တော့ ဖြတ်ခွင့်ပြုပါ။ ခဏတာ ပျော်ရွှင်မှုကို ရယူချင်တဲ့ မင့်း လို လူမျိုး ဒုက္ခမရောက်ပါစေနဲ့ ။ မင်းက ငါ့ကို နုံအအ မိန်းမလို့ ထင်ရင် မှားသွားမှာပေါ့ ။ သေချာ သိထားဖို့ က မင်းအရင် က လိုက်ခဲ့ တဲ့ ခပ်ညံ ညံ မိန်းမတွေ ထဲမှာ ငါ မပါဘူး။ မင်းရဲ့ အချစ်ဆုံး လူ ဟာ ငါ ပါလို့ ပြောပေမဲ့ မင်း ရဲ့ ဂုဏ်ပကာန က တော့ ငါ့ထက်သာတယ်မလား။ မင်းရဲ့ ရည်းစားဦး တုံးကလည်း ဒီလိုပုံစံနဲ့ ဖြတ် ခဲ့တယ်မလား။ ငါ့ကို တော့ ဒီပုံစံ လာမချိုးနဲ့ ။ ငါ ကတန်ပြန် တုံ့ ပြန်တတ်တဲ့ လူစားမျိုး။ ငါ့ စေတနာနဲ့ မေတ္တာ ကို စော်ကားလို့ ကတော့ ပျော်ပျော်ရွှင်ရွှင်နေရဖို့ မစဉ်းစားထားနဲ့။ ငါ့ စိတ်ဓာတ်တွေ ဒီလို ဖြစ်သွားရတာကလည်း မင်းတို့  ဆီကနေ ရတာပဲလေ။ မင်းတို့ ပဲ ဒီလို မျိုးဖြစ်အောင် သင် ပေးလိုက်တာကို။ မင်းမြဲ မြဲ မှတ်ထားဖို့ က ငါ က လူတစ်ယောက်ကို အပျော်မတွဲ တတ်ဘူး။
Labels: စိတ်ကုန်တယ်ဗျာ..

No comments:
Post a Comment