Friday, October 17, 2008

တမ်းတပြီ ညီမကို

စိတ်ကူးပင်လယ်ထဲမှာ အေးမြတဲ့လရောင်လေးနဲ့ 
ကြည်လင်တဲ့ အပြာရောင်ကောင်ကင်
ကိုယ်ထဲကို စိမ့်ဝင်နေတဲ့
လေပြည် နုနု လေးတွေ
ထိတွေ့ တဲ့ အရာတွေက
ညီမကို သတိရ`
တမ်းတ နေတဲ့ အရာတွေပါ ညီမရယ်

တစ်ယောက်တည်းပါ ညီမရယ်
မျက်စိထဲမှာ မြင်နေတာ
ညီမရဲ့  ပုံရိပ့် တွေပါ
လက်လက် လက်လက် တောက်ပနေတာပါ

ဘယ်သွားသွား ဘာလုပ်လုပ်
စိတ်ရူပ်နေတာ မျက်စိရှေ့ မှာ
ပျော်နေကြတဲ့  ချစ်သူမောင်နှံ
တစ်ဝဲ၀ဲ ပျံနေကြတာ
ကိုယ်လည်း အားကျပြီး
ပျံချင်နေတာ အတောင်တစ်ဖက်
မရှိတဲ့  ကျေးငှက်ငယ်လေး
ဘ၀ပါ ........ညီမရယ်

Monday, September 29, 2008

သတိရချင်း သူငယ်ချင်းများကို

ကံကြမာက ဆုံစည်းခွင့် ပေးတယ်
ဝေးကွာတဲ့ ..ဖြူစင်တဲ့  ငါ တို ရဲ့ 
စိတ်တွေ ခနာကိုယ်တွေကို..
ဘ၀ ရေစက်ကြောင့် တွေ့ တွေ့ ချင်း
ချစ်ခင် အပြစ် မမြင် ပဲ
သူငယ်ချင်း အဖြစ် လက်တွဲခဲ့ 

အတူစား အတူပျော်
ဘ၀အမော တွေကို
စနောက် ပျော်ပါး ရယ်သံများ
ခုထိ နှားထဲ (တစ်ဟဲဟဲ) ကြားရောင်နေဆဲပါ..

မိုးဖွဲကြား ပြေးလွား
အသည်းကလေးများ ဖျားခဲ့ ပေမယ့် 
အကြင်နာထား ဂရုဏာ
ကုစားပေးတဲ့  အားပေးမူတွေဟာ
ဒီတစ်သက် မမေ့နိုင်စရာတွေပါ..

သိပ်ချစ်သည် ညီမကို

ညက အိပ်မက်ထဲမှာ
အလည်လာတယ် ဆံပင်ရှည်လေးနဲ
ဆံနွယ်တွေတစ်ဖွဲ့ ဖွဲ့ 
နှင်းများကြားလေမှာ ၀ဲလို့ 
ရွှေရောင်လိက်ပြာ ၀ိုင်းရံကာ
နတ်သမီးလေးလို တောက်ပလို့ 

မေ့လောက်တဲ့  အပြုံးတစ်ပွင့်
ရင်ခုန်သံတွေ တုန်ခါစေမဲ့
အကြည့်  အသည်းထိအောင်ထိ
အရိုးထဲစီးဝင်
သွေကြောထဲ လည့် ပတ်လို့ 
ကာရံ လို မရတော့ဘူး

သင်းပျံတဲ မွေးရနံ
အိပ်မက်တောင်ရပ်တန့် 

အိပ်မက်နိုး တွေ့ ချင်စိတ်
တစ်သိပ့် သိပ့် ပဲ .......ညီမရယ်..........

နေမကောင်းတဲ တစ်ည

ငါ ရင်တွေ ကြိမ်နူန်းမြန်နေ
100 စင် တီဒီဂရီ....ကျော်နေ
ဦးနှောက်ကတွေဝေ
ကဝေတွေဝင်နေ

ဆူညံသံတွေ တစ်စက်စက်
တစ်ပြက်ပြက် တောက်တဲ
မီးမွေ့ တွေ တစ်လက်လက်

တစ်ကောင်ကျော် တစ်ရောင် ရောင်အော်
ချောက်ချား ဘ၀ခြားသလို
လည့် စားတဲ့ အကြည့် များ

မွေးပျံ့  ရနံ
သွေးထဲ လည့် ပတ်
ပုံ မှန် ရူရိုက်သံ
မျက်စိ ပွင့် ကာ
အလင်ဖြာ ငါ ဖျားနေတာ........................

Sunday, September 21, 2008

စိတ်မဆိုးတဲ့ ---အတွေးလေး


အော်.............
အဖော် အပျာ်တွေနဲ့ 
ခုံမင်းနေတယ်ပေါ့ ....

လောကကြီးထဲ တစ်ယောက်တည်းဝင်တိုးခဲ့ 
လက်ဗလာနဲ့  ထွက်သွားရမှာပဲ့ နော်..
ဒုတ်ခ . သုခ
ဘယ်လမ်းမှာ သွားကြမလဲ
မတွေးရဲ အပါယ်ငရဲ က
မီးတ...ရဲ ရဲ ...
(မြူဆွယ် တတ်တဲ့  မီးထွန်း ပွဲ လို ပဲ့ )..

ကုသိုလ် ဘာဝနာ ..ဆိုတာ
ဘာ?

ဟ.......
အပါယ် လေးဘုံကတော့ 
ကြိုဆိုနေမှာ .......သေချာ........................
magicman

..........